အဖျက်သဘောဆောင်သော သတ္တုတူးဖော်ခြင်း (ရွှေတူးဖော်ခြင်း) များကြောင..." />

သတ္တုတွင်းတူးဖော်မှုများ

User Rating: 1 / 5

Star ActiveStar InactiveStar InactiveStar InactiveStar Inactive
 

 

b_150_100_16777215_00_images_stories_concerns_dredge.jpg  အဖျက်သဘောဆောင်သော သတ္တုတူးဖော်ခြင်း (ရွှေတူးဖော်ခြင်း) များကြောင့် ဆိုးကျိုးသက်ရောက်ခံရသော မြစ်ကြောင်း များတလျှောက်တွင် ဖွဲ့စည်းပုံစနစ်အရ လုံးဝပြောင်းလဲမှု ဖြစ်ပေါ်စေခဲ့သည်။ ဗြုံးစုပ်ခြင်းကြောင့် မြစ်ကြောင်းအတွင်း အနယ်ထိုင် ပိတ်ဆို့ခြင်းနှင့် စွန့်ပစ်ထားသော ကျောက်ခဲကျောက်တုန်းများ မြစ်ရေစီးကြောင်းအတွင်း စုပုံကျန်ရစ်စေခဲ့ သည်။ မြေလွှာတိုက်စားမှုများ ဖြစ်စေပြီး၊ နုံးအနယ်ထိုင်ကာ မြစ်ကြောင်းပိတ်ဆို့မှု ဖြစ်စေသည်။ (သဘာဝအရ မဟုတ် သောရေကြီးခြင်း အပါအ၀င်) ရာသီအလိုက် မြစ်ရေပြင် အနိမ့်အမြင့် ပြောင်းလဲခြင်းကိုလည်း ပြောင်းလဲစေသည်။ မြစ် ကြောင်းစနစ်ကိုလည်း ပြောင်းလဲစေသည်။

ရွှေတွင်းနှင့် သတ္တုမိုင်းများမှ ကြွင်းကျန်ရစ်သော ဓါတုဗေဒအဆိပ်အတောက်များ၊ အဆိပ်သင့်စေသော ဓာတ်သတ္တုများ၊ အင်ဂျင်ဝိုင်များကြောင့် သစ်ပင်သစ်တောများ၊ တိရိစ္ဆာန်များသာမက လူများကိုပါ အန္တရာယ် ရှိစေပါသည်။ မိုင်းတွင်းများမှ အကြွင်းအကျန်များကို မြစ်အတွင်း၊ ချောင်းအတွင်းသို့ စွန့်ပစ်ခြင်းကို အလွယ်တကူ လုပ်ဆောင်နေကြပါသည်။  

b_150_100_16777215_00_images_stories_concerns_pollution.jpg  မီသိုင်းမာကျူရီဓာတ်ကဲ့သို့သော အဆိပ်မျိုးသည် အစားအသောက် ချိတ်ဆက်မှုမှနေ၍ တဆင့်မှ တဆင့်ပြောင်းလာသည့် အခါ ၎င်းဓာတ်သည်ပို၍ ပျစ်နှစ်စုပုံလာပါသည်။ ဤဓာတ်သည် လူကို ပို၍ပင် ဥပဒ်ဖြစ်စေပြီး နောက်မျိုးဆက်များတိုင် အောင် ဒုက္ခရောက်စေနိုင်ပါသည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ လူနေဝေးလံသည့်ဒေသများတွင် ဆောင်ရွက်နေကြ သည့် သတ္တု မိုင်းတွင်းများ၏ အကျိုးဆက်ကို ယခုတိုင် သေချာစနစ်တကျ လေ့လာအကဲဖြတ်နိုင်ခြင်း မရှိသေးပါ။ သို့သော် လည်း ရွာသားများ၏ ပြောပြချက်အရ ရေညစ်ညမ်းမှုကြောင့် သီးနှံများ၊ အစားအစာများနှင့် ကျန်းမာရေး ထိခိုက်စေ ကြောင်း သိရှိနေ ရပါသည်။

ကျန်းမာရေးနှင့် ညီညွတ်သော ခိုလှုံရာနေရာများနှင့် သားပေါက်ရာနေရာများ ထာဝစဉ် နည်းပါးလာခြင်း၊ မြစ်ကြောင်းတွင် အညစ်အကြေး များပြားလာခြင်းနှင့် ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲသွားခြင်းကြောင့် ရေသတ္တ၀ါများဖြစ်သော ငါးနှင့် အခြား သက်ရှိများလည်း အရေအတွက် ကျဆင်းသွားပါသည်။ 
ကချင်ပြည်နယ်တွင် ဆောင်ရွက်နေကြသည့် ရွှေမိုင်းတွင်းများ ကြောင့် မူလကတည်းက ရှားပါးနေပြီဖြစ်သည့် ဧရာဝတီ ရေချိုလင်းပိုင်ငါးကြီးများ မျိုးတုန်းပျောက်ကွယ်ရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်ပါသည်။

ရေများသည် ရေလှောင်တမံထဲတွင် ငြိမ်နေသည်နှင့်အမျှ ပုတ်သိုးလာသော ဇီဝရုပ်ကြွင်းများကို စားသုံးရှင်သန်နေကြသော ဘက်တီးရီးယားများက ရေထဲတွင်ရှိနေသော ပြဒါးဓာတ် (မာကျူရီ) များကို မီသိုင်းလ် မာကျူရီဓာတ် (Methylmecury) အဖြစ်သို့ ပြောင်းလဲပစ်ပါသည်။ ဆည်၏ အထက်ပိုင်းရှိ မြစ်ရေထဲတွင် မာကျူရီဓာတ်များ စုပြုံလာမှုသည်လည်း စိုးရိမ်ဖွယ် ကိစ္စတခု ဖြစ်ပါသည်။
 
ဤဓာတ်မှာ လူတို့၏ ဗဟိုအာရုံကြောစနစ်ကို အဆိပ်အတောက်ဖြစ်စေသော ဓာတ်တမျိုး ဖြစ်သည်။ ရေကို ထုတ်လွှတ်လိုက်သောအခါ မီသိုင်းမာကျူရီဓာတ်ကို မြစ်အောက်ပိုင်းသို့ပါ ဆက်လက်ပို့လွှတ် ရောက်ရှိစေပါသည်။

ဧရာဝတီမြစ်၊ မလိခနှင့် အင်မိုင်ခမြစ်များနှင့် ရဲရွာဆည်ရွှေလီဆည်တို့သည် ရွှေမိုင်းတွင်းများ၊ သတ္တုမိုင်းများနှင့် နီးသော ကြောင့် ရေတွင် ပြဒါးဓာတ် ပါဝင်မှုနှုန်း မြင့်နေပြီး ဖြစ်နေပြီဟု ယူဆနိုင်ဖွယ် ရှိ၍ စိုးရိမ်ဖွယ် ဖြစ်ပါသည်။

b_150_100_16777215_00_images_stories_concerns_hydraulic.jpg 
မြန်မာနိုင်ငံ သတ္တုတွင်းဝန်ကြီးဌာနက သတ္တုတွင်းတူးသည့် ကုမ္ပဏီများသို့ လုပ်ပိုင်ခွင့် ချပေး၍ မိုင်းတွင်းများမှ အခွန် ဘဏ္ဍာကောက်ခံသော်လည်း စစ်အစိုးရသည် ၎င်းထုတ်ပြန်ထားသော မပြည့်စုံ အကန့်အသတ်ရှိနေသည့် မြန်မာ့ သတ္တုတွင်းဥပဒေနှင့် မြစ်ကြောင်း ကာကွယ်ရေး ဥပဒေများအရ စည်းကြပ်ခြင်း မရှိပါ။ မြန်မာနိုင်ငံ၊ မြစ်ကြောင်းများဆိုင်ရာ ဥပဒေအရ ရေဆင်းရာလမ်းကြောင်းများအတွင်းသို့ အဆိပ်အတောက်ဖြစ်စေသည့် ပစ္စည်းများ စွန့်ပစ်ခြင်းကို တားဆီး ထားသော်လည်း မြစ်ကြောင်းများမှာ ညစ်ညမ်းနေကြပြီး ဥပဒေလည်း အသက်မဲ့ ဖြစ်နေရပါသည်။

ဤသတင်းအချက်အလက်များကို မည်သည့်တန်ဖိုးပေးရ ပေးရ (At What Price?)၊ အမှောင်လွှမ်းနေသော ချိုင့်ဝှမ်း (မြန်မာဘာသာအင်္ဂလိပ်ဘာသာ) (Valley of Darkness), Undercurrents နှင့် အနာဂါတ်ကို လုယူဖျက်ဆီးခြင်း (မြန်မာဘာသာအင်္ဂလိပ်ဘာသာ) တို့မှ ရယူပါသည်။

 

Voices of the Dammed

© 2017 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်. All Rights Reserved.